ဒက်
ဒက်
ဒက်
တစ်ချို့က လက်မှာပတ်ထားတဲ့ နာရီတွေကြည့်ပြီး
အချိန်နီးလာပြီဆိုတဲ့ ပုံစံမျိုး တစ်ချို့ကလဲ ခွဲခွါရတော့ မှာမို့ ရင်ထဲမှာ ဆို့နှင့်ပြီး
ပြောစရာစကား အကုန်မပြောလိုက်နိုင်လို့နောက်မှပဲဆိုတဲ့ သင်္ကေတတွေနဲ့ ရင်ထဲမှာရူပ်ယှက်ခတ်
ဝုန်းဒိုင်းကျဲနေတဲ့ မရှင်းလင်းတဲ့လူတွေရဲ့ကြားမှာ စာရေးသူရဲ့ လက်ထဲမှာတော့ ပတ်စပို့ရယ်၊
ဘိုးဒင်းကဒ်ရယ် ပြီးတော့ ကျစ်ကျစ်ပါအောင်ဆုတ်ထားတဲ့ လေယဉ် လက်မှတ်တောင် ချွေးတွေနဲ့ရောနေပြီ။
ဘယ်နေရာ ဘာတွေလိုအပ်မယ် မသိတော့ ဒီလိုပဲ
ပြည့်ပြည့်စုံစုံပါပါတယ်ဆိုတဲ့ ဟန်ပန်တွေ နဲ့ပေါ့လေ။ ဟိုကိုရောက်ပါပြီတဲ့ ငါအရင်သွားတွေရမယ့်
သူကောရှိပါ့မလား၊ ခရီးလမ်းကြောင်း ချောမွေ့ ပါ့မလား “တစ်ရွာမကောင်း သူကောင်းမဖြစ်”ဆိုရိုးစကားရှိပေမယ့်
င့ါအတွက်တော့ “သေချင်တဲ့ ကျား တောပြောင်း”ဆိုတာမျိုးဖြစ်နေမလားဆိုတဲ့ လားပေါင်းမြောက်များစွာနဲ့
ကိုယ့်ကိုယ်ကို မေးနေ လိုက်တာ လေယာဉ်တက်လို့ရပါပြီဆိုတဲ့အသံကြားလိုက်မှ လူများစုဝေးရာ
နေရာကိုသွားလိုက်တယ်။
ဘေးနားပတ်ပတ်လည်မှာရှိတဲ့ သူတွေကို
မျက်လုံးအမဲကိုထောင့်ကပ်ပြီးကြည့်လိုက်ပြန်တော့ လည်း ပြုံပြသူတစ်ယောက်မှမရှိ။ စကားပြောမယ့်သူဆိုတာ
ဝေလာဝေးနေတာမို့ ကိုယ်တစ်ယောက်တည်း ခရီးဆက်ရမည်မှာ သေချာပြီပဲလေ။ လေယဉ်ပေါ်ရောက်တယ်ဆိုတာနဲ့
အထာမကျတဲ့အပြုအမူအသုံး အနှုံးတွေက ထိုင်ရမည့်နေရာကိုမရှာတတ်တော့ဘူးလေ။
ထိုင်းလေယာဉ်မယ်လေးက အတိအကျ လက်ညိုးထိုးပြမှ နေရာရသွားပါပြီ လက်နဲ့ညွန်ပြတဲ့သာသာစကား
( လက်တင်ဘာသာ body language ) ကတော့ကျွမ်းတာပေါ့နော်။ ပထမဆုံးအကြိမ်ဆိုတာ ၀-လုံးလေးဝိုင်းဖို့တောင်အခက်သား လား
လေယာဉ်ကြီး ထွက်တော့မည့်ဆဲဆဲမှာ ဘုရားတရင်း မြတ်ဗုဒ္ဓဒေသနာတော် တစ်ခုကိုလည်း မစဉ်းစားပဲ
ခေါင်းထဲရောက်လာပြန်ပါပေါ့ကလား ။
ပုဏ္ဏားတစ်ယောက်က မြတ်ဗုဒ္ဓဆီလာပြီး ထေ့တေ့တေ့စကားနဲ့
အရှင်ဘုရားက အရာအားလုံးကို သိတယ်လို့ကြားမိပါ့၊ အရာအားလုံးဆိုတဲ့အထဲမှာ ကောင်းတာရော
ဆိုးတာရော ပါဝင်နေတယ်ဆိုတာ ကိုကော တွေးမိရဲ့လားပေါ့ ကောင်းရာကောင်းကြောင်းတွေပဲ ပြောနေဟောနေလိုက်တာ လူတွေကိုဆိုးကျိုးဖြစ်စေတဲ့အချက်တွေကိုတော့သိထားဟန်မတူပါဘူး လို့
လျှောက်တော့ အေးဆေးပြတ်သားတဲ့လေသံနဲ့ မြတ်ဗုဒ္ဓဖြေပုံက…
နေ့စဉ်နဲ့အမျှ နေမြင့်မှအိပ်ယာထခြင်း
၊
အပျင်းကြီးခြင်း ၊
ကြမ်းကြမ်းထန်းထန်းနေထိုင်ခြင်း ၊
သေရည်အရက်ကို ကာလကြာရှည်စွာ အမြောက်အများ
သောက်ခြင်း ၊
အဖော်မပါတစ်ယောက်တည်း ခရီးရှည်ကိုသွားခြင်း
၊
ဆိုတဲ့အချက်တွေကို
ပြောမယုံကြုံဖူးမှသိ ဆိုတဲ့သူတွေလုပ်ကြည့်လိုက်ပါ။ ကောင်းကျိုးတစ်စုံတစ်ရာ မျှမရနိုင်ပါဘူးတဲ့
နောက်ဆုံးအချက်က ကိုယ့်ကိုများဟောနေသလားလို့ တွေးတောရင်းဖြင့်သာ…
ထိုင်းနိုင်ငံကိုရောက်ပါပြီတဲ့
လေယဉ်သက်ဆင်းပါတော့မယ်လို့ ကြော်ငြာလိုက်ချိန်မှာလူတွေလဲ လှုပ်လှုပ်ရွရွနဲ့ ကိုယ်အထုပ်ကို
ပြင်ဆင်နေကြချိန်မှာ စာရေးသူကတော့ အဲယားကွန်းကြောင့် အေး စက်နေ တဲ့ လေယာဉ်ပေါ်မှာ ဇောချွေးတွေပြန်နေပေမယ့် ဣနြေ္ဒမပျက်အောင်ခေါင်းအုံးကို
ရင်ဘတ်မှာ ကွယ် ဖက်ရင်း ခါးပတ်ကိုဖြုတ်နေ မိလေရဲ့။ ဟိုနိပ်ဒီနိပ်နဲ့ နောက်ဆုံးပြုတ်သွားတော့မှ
အသံမပျင်းတဲ့ သက်ပျင်းတစ်ချက်ကို မှုတ်ထုပ်လိုက်နိုင်တယ်။ ခရီစဉ်ကမပြီးဆုံးသေးပါဘူး
ထိုင်းကနေတစ်ဆင့် ခရီဆက်ရမည့်နေရာကလေးက သီရိလင်္ကာခေါ်တဲ့ ( သီဟိုရ်ကျွန်းလေး)ပါပဲ ။ လူတစ်ချို့ကတော့
ဟာသလုပ်ပြီးပြောသလား ဘာလားတော့မသိ နိုင်ငံခြားမှာနေတာ ဆိုလို့ လက်စသတ်တော့ ဒို့အဘိုး နွားကျောင်းရင်းရောက်တဲ့နေရာပါလားကွာတဲ့။
ဘာပဲဖြစ်ဖြစ်လေ သူများနိုင်ငံလို့ပဲခေါ်ခေါ်၊ နိုင်ငံခြားလို့ ပဲခေါ်ခေါ် ပထမဆုံးနိုင်ငံခြား
ခရီးတစ်ခေါက်ဆိုတော့ ထီပေါက်တဲ့ ကံဇာတာနဲ့တောင် ခိုင်းနှိုင်းပြောနေဟောနေကြတာ မဟုတ်ပါလား
။
ပညာတော်သင်ဆိုတော့ ပျော်ရာမှာမနေရ
၊ တော်ရာမှာသာနေရ ဆိုတဲ့အတိုင်း တော်ရာမှာနေဖို့သွားပေ မယ့် ပျော်ဖို့လည်းအိပ်မက်တွေမက်ခဲ့သေးတယ်။
နိုင်ငံခြားက တက္ကသိုလ်ကြီးတွေဆိုတော့ အဘိုးတန် စိုက်ခင်းထား တဲ့ မြက်ခင်းစိမ်းစိမ်းတွေ
ထီးအကြီးစားတွေမိုးကာထားတဲ့ ခုံတန်းလျားပေါ်မှာ ရေခဲမှုန့်တွေ စားရင်း ဗဟုသုတတွေဖလှယ်လို့
နံဘေးနားက ကျောင်းသူကျောင်းသားတွေက ပန်းသီးတစ်လုံးကို အတူကိုက်စား ဟားတိုက်ရယ်မောပြီး
နေ့တွေကိုကျော်ဖြတ်နေပုံကိုလည်း တွေ့ရမှာပဲလို့ ထင်ခဲ့ပေမဲ့ လည်း တကယ်တမ်း လက်တွေ့မှာတော့အရုပ်မပါတဲ့
စာအုပ်တွေနဲ့ပဲ အချိန်ကုန်လွန်ခဲ့ရတော့ တစ်ခါတစ်လေ ( အရာတော်တော်များများ )မှာ စိတ်ကူးနဲ့လက်တွေဟာ
တစ်ခြားစီပါလားဆိုတာကို စာအုပ်အထူကြီးကိုလှန်မကြည့်လည်း ဘ၀နဲ့ရင်းလို့ သိရပါပြီ။
အဲဒီပုံရိပ်တွေကို မှတ်မထားလည်း ဘယ်တော့မှ မေ့မရတဲ့မှတ်တမ်းများ အဖြစ
်ထာဝရကျန်ရစ်နေတော့ မည်…
No comments:
Post a Comment