ဦးသူတော်တစ်ယောက် ညသန်ခေါင်အချိန်တွင်
ဗိုက်မောက်လျှက်နေနေရသည်၊ ဥပုဒ်စောင့်ထားလို့
မဟုတ်။ မနက်ကလည်း ဖြစ်သလိုချဉ်ပေါင်ဟင်းနဲ့ နစ်ပါးသွား ခဲ့ရသည် မို့ တော်တော်လေး ဗိုက်ဆာနေ သည်။
ကြိုးစားလို့ အိပ်သော်လည်း ဗိုက်ထဲက ပိုးကောင်ကလေးတွေက မျိုချလိုက်သော တံတွေးကို စားလို့မလုံလောက်တာကြောင့်
အော်နေကြတယ်ထင်ပါ့။ အပြင်ဘက်မှာ အချက်ပြတာက
တစ္ဂြီဂြီ တစ်ဂွမ်ဂွမ်နဲ့၊ ဒါနဲ့ ဦးသူတော်တစ်ယောက် “အကြံကုန်လို့ ဂဠုန်ဆားချက်” ဆိုတဲ့
အတိုင်း စဉ်းစားမိတာက “အင်း…ဘုရားစဉ်မှာ ဘုရားဆွမ်းတော်ကပ်တုန်းမုန့်လေးဘာလေး ကျန်ချင်ကျန်မှာ”
ဆိုပြီး ဘုရားစဉ်ရှိရာ မှန်းပြီး အသာအယာလေး ရှောက်လှမ်းသွားသည်။ တိုင်တွေနဲ့တိုက်မိမှာစိုးတာကြောင့်
စမ်းပြီးသွားရသေး၊ ဘုန်းကြီးနိုးလာမှဖြင့်
ဟိုတနေ့က အောင်ဘုတို့ ဥာဏ်ကျယ်တို့ကို ရိုက်သလို တိုင်မှာအဖက်ခိုင်းပြီး အရိုက် ခံရအုန်းမယ်။
အို မတတ်နိုင်ပေဘူး ဗိုက်ထဲက ပိုးကောင်တွေက ဆန္ဒပြနေကြတော့ ၀မ်းရေးကြောင့် မကြောက်အားပါဘူး။
ဘုရားစဉ် အရှေ့ကို ရောက်တော့ အမှောင်ထဲမှာ မဲမဲတုံးတုံး ထန်းလျှက်လုံးလေးကို လက်နဲ့
စမ်းမိတော့ အားပါးတရ ကိုက်ထည့်လိုက်သည်။
“တောက်”
ဟင် … ထန်းလျှက်က အရသာလည်းမရှိ မာလည်းမာသေးတယ်ဆိုပြီး
သူ့နေရာသူထားကာ လာလမ်း အတိုင်း ပြန်လာပြီး မနက်ဖန်ကျမှပဲ အ၀တုတ်တော့မယ်လို့တွေးပြီး
ကွေးကွေးလေးအိပ်ပျော် သွားတော့ သည်။ မနက်ရောက်လို့
ဆွမ်းတော်ကပ်ခါနီးမှာ ဘုရားစဉ်ပေါ်က ရှင်သီဝလိရုပ်တုလေး
ခေါင်းပြတ်နေ တာကို မြင်လိုက်တော့မှ ငိုရမလို ရယ်ရမလိုဖြစ်ကာ ခေါင်းပြောင်ပြောင်ကို
ကုပ်ရင်း ကျောင်းတော် ကြီးအောက်ကို ဆင်ချလာတော့သည်။
ဟဟဟဟဟဟဟဟဟ ရီလိုက်ရတာ :D xD
ReplyDelete